
အမှတ်တံဆိပ်အားနားလည်သဘောပေါက်မှု့၊အာရုံခံစားနိုင်မှု့၊အသိအမှတ်ပြုမှု့ဆိုတာ ဘာလဲ။(Brand Awareness)
အမှတ်တံဆိပ်အားနားလည်သဘောပေါက်မှု့ဆိုတာ အမှတ်တံဆိပ်တစ်ခုအား ဖြစ်နိုင်ချေရှိသောဖောက်သည်များက အသိအမှတ်ပြုပြီး သီးခြားထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့် မှန်ကန်စွာဆက်စပ်နေသည့် အတိုင်းအတာကို အာရုံခံစားနိုင်မှု့ဆိုလိုတာပဲဖြစ်တယ်။ ဆိုလိုသည်မှာ-
စားသုံးသူများဟာ မိမိလုပ်ငန်းအတွက် လူသိများသော အရာတွေကို အသိအမှတ်ပြုခြင်း၊ အာရုံခံစားနိုင်ခြင်း၊ နားလည်သဘောပေါက်မှု့လို့လည်းပြောလို့ရနိုင်ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးဟာ မိမိရဲ့ကြော်ငြာကို သူတို့ရဲ့ နယူးဖိဒ်(Facebook, Instagram etc..)တွင်တွေ့သောအခါ သဘောကျနှစ်သက်စွာဖြင့် အလွယ်တကူအာရုံခံစားနိုင်စွမ်းကိုလည်း ဆိုလိုနိုင်ပါတယ်။
ဝယ်ယူသူတွေဟာ စျေးသက်သာသော ရွေးချယ်မှုများရှိနေသော်လည်း/ ဈေးတူတာတွေရှိနေသော်လည်း အခြားသူများထက် မိမိ အမှတ်တံဆိပ်ကို အထူးရွေးချယ်ကြခြင်းဟာ အသိအမှတ်ပြုမှု့၊နားလည်သဘောပေါက်မှု့၊အသိအာရုံမှလက်ခံနိုင်သော ယုံကြည်မှု့ကြောင့်လည်းဖြစ်ပါတယ်။
Google ကဲ့သို့သော Search Engine ကို အသုံးပြုသူများဟာ မိမိလုပ်ငန်းအမည် သို့မဟုတ် အမှတ်တံဆိပ်နာမည်ပါသော ဝေါဟာရများကို ရှာဖွေမှုတွင် ရိုက်ထည့်ပြီးရှာဖွေတဲ့ အချိန်လည်းရှိနိုင်ပါတယ်။ awareness ဖြစ်စေမှု့ကို ဒီလိုနေရာတွေမှာလည်း Key word အဖြစ် လုပ်ဆောင်လို့ရနိုင်တာကို မမေ့ဖို့လိုပါတယ်။
…………….
Brand Awareness ဆိုတာ မိမိရဲ့ပစ်မှတ်စျေးကွက်အတွင်းတွင် မိမိအမှတ်တံဆိပ်၊ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မည်မျှရင်းနှီးသည်ကို ဖော်ပြခြင်းလည်းဖြစ်တယ်။ လူကြိုက်များခြင်း သို့မဟုတ် ရေပန်းစားခြင်းဟူဟော စကားလုံးတွေဟာ အမှတ်တံဆိပ်အပေါ် အသိအမြင်မြင့်မားမှု့၊ အာရုံခံစားနိုင်မှု့ ဖြစ်ပြီး ထိုစကားတွေဟာ အမှတ်တံဆိပ်တစ်ခုနှင့် အမြဲဆက်စပ်နေကြလေ့ရှိပါတယ်။
ဖောက်သည်တစ်ဦးအတွက်၊ အမှတ်တံဆိပ်တစ်ခုကို အသိအမှတ်ပြုခြင်းဟာ သူ့အတွက်ဝယ်ယူရန် ဆုံးဖြတ်ချက်ချရန်အတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်တယ်။ ဖောက်သည်တစ်ဦးအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားနှင့် ဆက်စပ်နေသော အမှတ်တံဆိပ်ကို ရင်းနှီးသောအခါမျိုးတွင် ဝယ်ယူမှုကို ပိုမိုပြုလုပ်လေ့ရှိပါတယ်။
Brand Awareness ကောင်းမွန်ဖို့ဆိုတာ သုံးစွဲသူများအနေဖြင့် ကုန်အမှတ်တံဆိပ်အမည်ကို မှတ်မိနေရမည်လို့ ဆိုလိုရင်းမဟုတ်ပါဘူ၊ ဖောက်သည်တစ်ဦးအနေဖြင့် ထုတ်ကုန်တစ်ခုကိုရွေးချယ်ရာတွင် အမျိုးအစားတူထုတ်ကုန်များနှင့် ခွဲခြားသတ်မှတ်ပေးနိုင်မည့် အင်္ဂါရပ်တစ်ခုခုကို အသိအမှတ်ပြုနေစေရန် လိုအပ်တာပဲဖြစ်ပါတယ်။ ဉပမာအားဖြင့်-လေ့လာတွေ့ရှိချက်အရ ဆိုရင် (ကာလာ)အရောင် ရွေးချယ်အသုံးပြုမှု့ဟာ အမှတ်တံဆိပ်အပေါ် အသိအမှတ်ပြုမှု့/အာရုံစိုက်မှု့ကို 80% ထိ တိုးတက်စေတယ်လို့ဆိုကြပါတယ်။
“Just do it” လို့ကြားတဲ့အခါ ဖော်ပြထားတဲ့အမှတ်တံဆိပ်က “Nike” ဆိုတာ လူတော်တော်များများ သိပါတယ်။ ဒါမှမဟုတ် “ကိုကာကိုလာ” လို့တွေးလိုက် တဲ့အခါ အချိုရည်အကြောင်း ပြောနေတာလို့နားလည်ကြပါတယ်။ ဒါဟာ Brand Awareness ကို ဆိုလိုတာပဲဖြစ်ပါတယ်။ မိမိရဲ့ ရပ်တည်မှုနှင့် မိမိကုမ္ပဏီအတွက် စျေးကွက်ရှာဖွေရေး ရည်မှန်းချက်နှင့် လုပ်ငန်းသည် မည်မျှ အောင်မြင်ခဲ့ကြောင်း ပြသနိုင်လာမှာဖြစ်ပါတယ်။ စျေးကွက်ရှာဖွေသူတိုင်းရဲ့ ပန်းတိုင်အရဆိုရင် သူတို့ပစ်မှတ်ထားတဲ့ဖောက်သည်တွေဟာ သူတို့ရဲ့အမှတ်တံဆိပ်ကို ဘယ်တော့မှ မမေ့မလျော့ဖြစ်စေဖို့အတွက်ပဲဖြစ်ပါတယ်။
အမှတ်တံဆိပ်တစ်ခုအပေါ် သုံးစွဲသူ၏ယုံကြည်မှုသည် ဝယ်ယူမှုပြုလုပ်ရန် သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ် ကြီးမားစွာသက်ရောက်မှုရှိပါတယ်။ ဖောက်သည်တစ်ဦးအနေဖြင့် မိမိအမှတ်တံဆိပ်ကို စတင်ယုံကြည်လာပြီး နောက်မှာ ထပ်ခါတလဲလဲ ဝယ်ယူသူဖြစ်လာနိုင်တဲ့ အလားအလာများပါတယ်။
အမှတ်တံဆိပ်အပေါ်သိမြင်မှု့၊နားလည်သဘောပေါက်မှု့ဟာ အမှတ်တံဆိပ်အပေါ်ယုံကြည်မှုနှင့် ဖောက်သည်သစ္စာစောင့်သိမှုကြား ကွာဟချက်ကို ဆွဲစိပေးတာပဲဖြစ်တယ်။ ဒါဟာ သုံးစွဲသူများအား အမှတ်တံဆိပ်နှင့် ရင်းနှီးမှုကို ခံစားရစေရန် ကူညီပေးသည့် ထုတ်ကုန်အမှတ်တံဆိပ်ရဲ့ ကိုယ်ရည်ကိုယ်သွေးလို့လည်းဆိုနိုင်ပါတယ်။
