
ဒီလိုစကားမျိုး မေးမိရင် ကိုယ်ထင်ရာကိုယ်ပြောရင်းနဲ့ လိုရင်းမရောက်တာတွေပဲ များခဲ့ကြပါလိမ့်မယ်။
ကျွန်တော်အခုသုံးသပ်တာကတော့ ကိုယ်တိုင်မြင်တွေ့တာ၊ ကြုံမိတာ၊ လေ့လာမိတာတွေကို ရေးသားထားတာဖြစ်ပါတယ်။
လူအများစုဟာ နေ့စဉ် အလုပ်တွေလုပ်ကိုင်နေပေမဲ့ ထိုအလုပ်ပေါ်မှာ စိတ်နှစ်ပြီးလုပ်ကိုင်မှုအားနည်းတာ၊ ထကြွလုံလအားနည်းတာ၊ စားဝတ်နေရေးအတွက် ငွေရရုံ သက်သက်လုပ်တာ၊ အလုပ်နဲ့ပတ်သက်သော အသိပညာ၊အတတ်ပညာတွေကို စဉ်ဆက်မပြတ်လေ့လာမှု့မရှိတာ၊ ပြန်လည်သုံးသပ် ပြင်ဆင်မှု့မရှိတာ စသဖြင့် အကြမ်းဖျင်းတွေ့ရနိုင်ပါတယ်။ ကိုယ်လုပ်ကိုင်နေတဲ့အလုပ် အပေါ်မှာ နေရာတစ်ခုထိရောက်အောင် ပေါက်ပေါက်မြောက်မြောက် မလုပ်ဆောင်တဲ့သူအများစုဖြစ်ပါတယ်။ (ထိုလူမျိုးတွေ မအောင်မြင်နိုင်ပါ)
ဒါဆိုရင် အခြေခံ အချက်အားဖြင့် ဘယ်လိုလူတွေက မအောင်မြင်နိုင်တာလည်း?
(၁) ကိုယ်ဘာဖြစ်ချင်တာလည်း ကိုယ့်ဟာကိုယ် သေချာမသိသူတွေ
(၂) ဆင်ခြေပေးတာများလွန်းတဲ့သူတွေ
(၃) ဖြတ်လမ်း/အလွယ်လမ်းကို လိုက်တဲ့သူတွေ
(၄) ကိုယ်ပိုင်အရည်အသွေး မပြည့်ဝတဲ့သူတွေ
(၅) တစ်ပါးသူအပေါ်မှာ မှီခိုလွန်းအားကြီးသူတွေ
(၆) အားနာလွန်း/အယုံလွယ်လွန်းတဲ့သူတွေ
(၇) အသိပညာ/အတတ်ပညာ လေ့လာမှု့အားနည်းသူတွေ
(၈) မိမိကိုယ်ကို လိမ်တဲ့သူတွေ
(၉) လေ့လာသုံးသပ်မှု့အားနည်းသူတွေ
(၁၀) ခံယူချက် မပြတ်သားတဲ့သူတွေ
(၁၁) မိမိကိုယ်ကို အထင်ကြီးလွန်းသူတွေ
(၁၂) မိဘ/ဆရာဂိုဏ်း သင့်နေတဲ့သူတွေ
(၁၃) ကိုယ်ကျင့်တရား ဆင်းရဲလွန်းသူတွေ
(၁၄) ကိုယ်ချင်းစာတရား အားနည်းသူတွေ
အထက်ပါအချက်တွေကတော့ ရေရှည်မှာ မအောင်မြင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။
ဒါတွေဟာဘာကြောင့်ဖြစ်တာလည်းဆိုရင်တော့ စိတ်နေသဘောထား (Attitude) + အပြုအမူအပြောအဆို (Behavior) ကြောင့်ပဲဖြစ်ပါတယ်။
မိမိကိုယ့်ကို ပြန်လည်သုံးသပ်ရင်းဖြင့် ရေရှည်အောင်မြင်သောသူတွေဖြစ်ကြပါစေဗျာ။
#Dr_Yin
#BusinessConsultant