Adept in Technology (နည်းပညာကျွမ်းကျင်တတ်မြောက်ခြင်း)

Verbal & Written Communication (အရေးအပြော ကောင်းမွန်ပြေပြစ်မှု့)

Organization (အဖွဲ့အစည်းဖြင့်အဆင်ပြေစွာလုပ်ကိုင်နိုင်ခင်း)

Time Management (အချိန်စီမံခန်၌ခွဲမှု့ ကောင်းမွန်ခြင်း)

Strategic Planning (စီမံကိန်းများအားဗျူဟာကျကျရေးဆွဲလုပ်ဆောင်ခြင်း)

Resourcefulness (ကြံရည်ဖန်ရည်ကောင်းမွန်ခြင်း)

Detail-Oriented (အသေးစိတ် လုပ်ဆောင်နိုင်ခြင်း)

Anticipates Needs (လိုအပ်ချပ်များအား ကြိုတင် မျှော်မှန်းနိုင်ခြင်း) စသဖြင့် အကျဉ်းချုပ်တွေ့ရှိရပြီး လုပ်ဆောင်ချက်များအနေဖြင့်-

အုပ်ချုပ်မှုဆိုင်ရာစွမ်းရည်များသည် သင့်အားအဖွဲ့အစည်းတစ်ခု ကောင်းမွန်စွာဖွဲ့စည်းနိုင်ရန်အတွက် အမှန်တကယ်လိုအပ်တဲ့အရာပါ။

သင်၏ဖောက်သည်နှင့်ခိုင်မာသော ဆက်သွယ်မှုရှိရန်၊ ဝန်ဆောင်မှုစွမ်းရည်ကိုမြှင့်တင်ရန် တဖက်တစ်လမ်းမှ ကူညီနိုင်ပါသည်။ ရုံးမန်နေဂျာများနှင့် တာဝန်ခံကဲ့သို့သော စီမံခန့်ခွဲရေးဆိုင်ရာအခန်းကဏ္ဏများတွင် အုပ်ချုပ်မှုဆိုင်ရာစွမ်းရည်များသည် အမှန်ပင်မည်သည့်အလုပ်တွင်မဆို အသုံးဝင်သောတတ်မြောက်ထားရမည့် ကျွမ်းကျင်မှုများဖြစ်သည်။ ဒီဆောင်းပါးမှာအုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ သူတို့ဘာကြောင့်အရေးကြီးတယ်၊သူတို့ကို ဘယ်လိုတိုးတက်အောင် လုပ်နိုင်တယ်ဆိုတာကို ကျနော်တို့အသေးစိတ် လေ့လာကြည့်ရအောင်ဗျာ။

စီမံခန့်ခွဲမှုစွမ်းရည်ဆိုသည်မှာ စီးပွားရေးကိုစီမံခန့်ခွဲခြင်းနှင့် သက်ဆိုင်သောအလုပ်များကို ပြီးမြောက်အောင်ကူညီနိုင်သော အရည်အသွေးများဖြစ်သည်။ စာရွက်စာတမ်းများရေးခြင်း၊ သိမ်းဆည်းခြင်း၊ ပြည်တွင်းနှင့်ပြင်ပမှ သက်ဆိုင်သူများနှင့် တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း၊ အရေးကြီးသော သတင်းအချက်အလက်များကိုတင်ပြခြင်း၊ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်းဟု အကြမ်းဖျင်းအားဖြင့် မှတ်သားနိုင်သည်။

ဤတာ၀န်၀တ္တရားများကို ထိရောက်စွာအရည်အသွေးရှိရှိ လုပ်ဆောင်နိုင်အောင်ကူညီသည့် အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုသည်လုပ်ငန်းအတွက် အရေးပါသော အကြောင်းအရာဖြစ်သည်။

စီးပွားရေးလုပ်ငန်းစဉ်များကို ချောချောမွေ့မွေ့လည်ပတ်စေနိုင်ရန် ပြုလုပ်နိုင်သောကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုသည်အရေးကြီးသည်။ အောင်မြင်သောထိရောက်သည့် အဖွဲ့အစည်းတိုင်းတွင် ဤဘာသာရပ်အပိုင်းတွင် ကျွမ်းကျင်မှုရှိသော ကျွမ်းကျင်သော အုပ်ချုပ်ရေးပညာရှင်များသာမက ကောင်းမွန်သောအုပ်ချုပ်မှုစွမ်းရည်ရှိသည့် ပညာရှင်များပါရှိသင့်သည်။

အားကောင်းသောအုပ်ချုပ်မှုစွမ်းရည်ကို အထောက်အကူပြုရန် soft skills and Technology ကျွမ်းကျင်မှုများစွာ အသုံးပြုဖို့လိုအပ်ပါတယ်။

စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သောနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများသည်စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းအမျိုးအစားအရ (ကွဲပြားခြားနားသောဆော့ဝဲလ် သို့မဟုတ် ပလက်ဖောင်းများကျွမ်းကျင်စွာ အသုံးပြုနိုင်မှု့ကဲ့သို့) ကွဲပြားနိုင်သည်ဖြစ်သော်လည်း အားကောင်းသော အုပ်ချုပ်မှုစွမ်းရည်ရှိသူများအကြား Soft skills and Technology Knowledge မှာ မရှိမဖြစ်လိုအပ်သော အရာဖြစ်လာသည်။

ဉပမာအားဖြင့်

Organization

စနစ်တကျအလုပ်လုပ်နိုင်ရန်အတွက် သင့်တင့်သောအလုပ်နေရာများချမှတ်ခြင်း၊ လုပ်ငန်းပြီးမြောက်စေရန်အတွက် ကွန်ပျူတာ၊ စာရေးကရိယာ၊ စာရွက်စာတမ်းသိမ်းရန် ဘီဒို၊အခြားဆက်စပ်ကရိယာများနှင့် ပြက္ခဒိန်အစ ထောက်ပံ့မှု့ရှိခြင်းသည် ဝန်ထမ်းများအား အရည်အသွေးအမြန်အသုံးချနိုင်စေရန်နှင့် အချိန်ကုန်သက်သာစွာဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းများကို ပြီးမြောက်အောင်ကူညီနိုင်သည်။ ပုံစံတကျစနစ်ချခြင်း ပုံစံအားအများစုအသုံးပြုပြီး လုပ်ငန်းစဉ်များနှင့် အခြားအရာများအလွယ်တကူ ချောမွေ့စေရန်အတွက်ကို စီစဉ်ရန်တာဝန်ယူရမည်။

Communication

အများနှင့်ဆက်သွယ်ပြောဆိုမှု့ (Communication ) သည်အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် မရှိမဖြစ်အရေးပါသော စွမ်းရည်တစ်ခုဖြစ်သည်။ သင်သည် လုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက်များကို အခြားသူများအားဆက်သွယ်ပြောဆိုခြင်း၊ မေးခွန်းများနှင့်တောင်းဆိုမှုများကို ရှင်းလင်းစွာအချိန်တိုအတွင်း တုန့်ပြန်နိုင်ဖြေကြားနိုင်ရမည်။ နှုတ်၊ စာနှင့် အမြင်အာရုံဆိုင်ရာအများနှင့် ဆက်သွယ်မှုအပါအ၀င်ဆက်သွယ်မှုအမျိုးမျိုးကို လုပ်ငန်းပြီး မြောက်စေရေးအား ဉီးစားပေးကာ လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။

Teamwork

ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ရှိခြင်းသည် စီမံခန့်ခွဲမှုဆိုင်ရာစီမံချက်များတွင် ပူးပေါင်းပါဝင်ခြင်း၊ လုပ်ငန်းစဉ်အသစ်တစ်ခုကိုဖော်ထုတ်ခြင်း၊ လုပ်ငန်းစဉ်အသစ်ကို နေရာချထားခြင်းနှင့် တာဝန်လွှဲအပ်ခြင်းများအတွက် အပြည့်အဝကူညီနိုင်မည့်အကြောင်းအရာဖြစ်သည်၊ အသင်းဖော်ကောင်းတစ်ဦးချင်းဆီတွင် စာနာခြင်း၊ နားလည်ခြင်း၊ဖေးမကူညီခြင်းဖြင့် ဖွဲ့စည်းဆောင်ရွက်မှု့ကို အဓိကဖော်ဆောင်ကာ လုပ်ငန်းများပြီးမြောက်စေရန်အတွက် စိတ်တူကိုယ်တူ ပြိုင်တူ တွန်းတင်ကျခြင်းဖြစ်သည်။

Services

အုပ်ချုပ်ရေးတွင် အခြားသူများ၏မေးခွန်းများကို ဖြေဆိုရန် (သို့) အချို့သူများက မိမိကိုယ်ကိုလုပ်ဆောင်ရန် မတတ်နိုင်သော အချို့သောလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အပြည့်အဝကူညီရန်တာဝန်ရှသည်။များသောအားဖြင့် လုပ်ငန်းစဉ်များအရလုပ်ဆောင်မှု့များကို တိုင်းတာပိုင်းဖြတ်ကြသည်။ ဤတာ၀န်၀တ္တရားများကို တက်ကြွစွာနားထောင်ပြီး ၀န်ဆောင်မှုခံယူအပြည့်ရှိစွာဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

Responsibility

စီးပွားရေးကို ထိထိရောက်ရောက်လည်ပတ်ရန်အတွက် အုပ်ချုပ်ရေးနှင့်သက်ဆိုင်သော အလုပ်များသည် မကြာခဏဆိုသလို အရေးတကြီးပေါ်ပေါက်လာတတ်ပါသည်။ ထို့ကြောင့် ကြီးကြပ်ကွပ်ကဲမှုများစွာမပါဘဲ အချိန်နှင့်အရည်အသွေးအရ တာ၀န်များထမ်းဆောင်ရန်တာ၀န်ယူခြင်းသည်အလွန်အရေးကြီးပါသည်။

Time management

စီးပွားရေးစီမံခန့်ခွဲမှုတွင် တာဝန်များစွာများစွာရှိသောကြောင့် သင်၏အချိန်ကိုပညာရှိစွာ၊အကျိုးရှိစွာ စီမံသုံးစွဲခြင်းသည် အဓိကကျသည့်လုပ်ငန်းကျွမ်းကျင်မှု တစ်ခုဖြစ်သည်။ မိမိ၏အချိန်နှင့်လုပ်ဆောင်ရန်ရှိသည်များကို ပြက္ခဒိန် တွင်ချမှတ်ထားဖြင်းသည် လုပ်ငန်းများကိုပြီးမြောက်ရန် အချိန်စီစဉ်ခြင်းနှင့် သင့်တော်သော အချိန်ဇယားမျှော်လင့်ချက်များကို သတ်မှတ်ခြင်းဖြစ်ပြီး အားကြီးသောစီမံခန့်ခွဲသူတစ်ဦး၏ လုပ်ဆောင်မှုအစိတ်အပိုင်းတစ်ခုဖြစ်သည်။

မိမိ၏စီမံခန့်ခွဲမှုစွမ်းရည်များ တိုးတက်စေခြင်းသည် အလုပ်များကိုအချိန်နှင့်တပြေးညီ ပြီးမြောက်စေပြီးအခြားသူများနှင့် ကောင်းမွန်စွာအလုပ်လုပ်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ကျင့်ဝတ်များရှိရန် ကူညီနိုင်သည်။

မိမိ၏စီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်ကို လုပ်ငန်းလုပ်ဆောင်သောအခါ သင်ထည့်သွင်းစဉ်းစားနိုင်သည့် အချက်များမှာ –

တစ်ကိုယ်ရည် အသက်မွေးဝမ်းကျောင်းရည်မှန်းချက်များထားပါ။

အထက်ဖော်ပြပါ စီမံခန့်ခွဲမှုစွမ်းရည်အချို့ သို့မဟုတ် အားလုံးကို တိုးမြှင့်နိုင်ရန်အတွက် တိကျသော တိုင်းတာနိုင်သောပန်းတိုင်များချမှတ်ခြင်းသည် မိမိအားအချိန်ကြာလာသည်နှင့်အမျှ တိုးတက်စေနိုင်သည့် လမ်းကြောင်ပင်ဖြစ်သည်။ မည်သည့်စွမ်းရည်ကို ဦးစားပေးသင့်သည်ကို ဆုံးဖြတ်ရန်တိုးတက်မှုနယ်ပယ်များကို ဖော်ထုတ်ရန်မိမိအနေဖြင့် ယုံကြည်စိတ်ချရသောမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် လမ်းညွှန်သူများနှင့် တွေ့ဆုံရန်ကူညီနိုင်သည်။

စည်းရုံးဖွဲ့စည်းမှု့ပြုပါ။

အဖွဲ့အစည်းသည် ကောင်းမွန်သောစီမံခန့်ခွဲသူတစ်ဦး ဖြစ်လာနိုင်စေရန်အတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ မိမိ၏အလုပ်များကို ဦးစားပေးလုပ်ဆောင်ရန်၊ မိမိ၏အချိန်ကို ကောင်းစွာစီမံခန့်ခွဲရန်နှင့် မိမိတွင်ရှိသည့် သတင်းအချက်အလက်လိုအပ်နေသော အခြားသူများကို အလျင်အမြန်တုန့်ပြန်ရန် အထောက်အကူပြုသော ကြောင့်ထိထိရောက်ရောက် အသုံးချနိုင်ရန်အတွက် အချိန်ယူလုပ်ဆောင်ရန်လိုအပ်ပါသည်။

အခြားအားကောင်းတဲ့အုပ်ချုပ်ရေးစွမ်းရည်ကိုအတုယူပါ။

မိမိတွင်ထိရောက်သော စီမံခန့်ခွဲမှုစွမ်းရည်ရှိသည့် လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မန်နေဂျာတစ်ဦး ရှိပါက သူတို့၏အလေ့အကျင့်များကို မိမိကိုယ်ပိုင်အလုပ်တွင် ကျင့်သုံးရန်ကြိုးစားပါ။ ဥပမာအားဖြင့်၊ သူတို့၏မှတ်စုရေးခြင်းပုံစံသည် အထူးသဖြင့်အထောက်အကူပြုကြောင်း သင်တွေ့ရှိပါက မိမိအနေဖြင့်မှတ်စုများကို ရေးမှတ်ခြင်းဖြင့် လေ့ကျင့်နိုင်ပါသည်