11. Communication

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနိုင်စွမ်းရှိရပါမယ်။ ထိရောက်စွာ ဆက်သွယ်ပြောဆိုခြင်းဟာ မိမိကိုကိုယ် အခြားအလုပ်အတွက် လုပ်ဆောင်ရန် အချိန်ပိုရနိုင်သည်ဟု ဆိုလိုနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ နှုတ်ဖြင့် ပြောဆိုဆက်ဆံမှု့သည် တဖက်သူ နားလည်ရန် လွယ်ကူကြောင်း သေချာပါစေဖို့အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်များထွက်ပေါ်စေမည့် ဆက်သွယ်ရေးအမျိုးအစားများကို ဂရုတစိုက်အာရုံစိုက်ပြီး မိမိချမှတ်ထားသော ဗျူဟာတွင် ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရပါမယ်။

12. Accountability

တာဝန်ခံမှုဆိုသည်မှာ အခြားသူတစ်ဦးအား သူတို့၏ အပြုအမူများအတွက် တာဝန်ပေးဆောင်ခြင်းကို မဆိုလိုပါ — မိမိကိုယ်ကို တာဝန်ခံမှုကိုအဓိကဆိုလိုပါတယ်။ ခေါင်းဆောင်ဆိုတာမှာလည်း ပြီးပြည့်စုံနေသည်မဟုတ်ပါ၊ မိမိအဖွဲ့အပေါ် ယုံကြည်မှု့တည်ဆောက်ခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ မိမိကိုယ်ပိုင် ချို့ယွင်းချက်များအတွက် တာဝန်ခံယူခြင်းပင်ဖြစ်ပါတယ်။ မိမိကိုယ့်ကို တာဝန်ခံယူစိတ်ရှိခြင်းကြောင့် မိမိအဖွဲ့ဟာ ကိုယ့်ရဲ့ရိုးသားမှုကို လေးစားလာမည်ဖြစ်ပြီး သူတို့ကိုယ်တိုင်ကိုလည်း တာဝန်ခံမှုရှိစေခြင်းဖြင့်ရောင်ပြန်ဟပ်စေမည်ဖြစ်သည်။

13. Dependability

အားကိုးထိုက်သော ခေါင်းဆောင်တစ်ဦးဟာ ပြောသည့်အတိုင်း လုပ်ဆောင်မည့်သူ၊ နှင့် လုပ်ရန် လိုအပ်သည့်နည်းလမ်းတို့ကို သေချာစွာလုပ်ဆောင်ရန် ယုံကြည်စိတ်ချရနိုင်သူဖြစ်တယ်။ ဒါဟာ အသင်းအဖွဲ့ကို ယုံကြည်မှုရှိစေပြီး သူတို့ကိုလည်း ဒီလိုလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

14။ Proactiveness

တက်ကြွသောခေါင်းဆောင်မှုဆိုသည်မှာ စီမံချက်ချရန်၊ မိမိအဖွဲ့၏လုပ်ငန်းစဉ်များကို မြှင့်တင်ရန်နှင့် မဖြစ်ပေါ်လာသေးသော ပြဿနာများကို ကြိုတင်ကာကွယ်ရန် အစပျိုးမှုများပြုလုပ်ရန် အတွက် အချိန်ယူခြင်းကို ဆိုလိုပါတယ်။ တက်ကြွသောခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိအဖွဲ့အတွက် အန္တရာယ်ရှိသော နယ်ပယ်များကို ခွဲခြားသတ်မှတ်ပြီး အနုတ်လက္ခဏာသက်ရောက်မှုများကို လျှော့ချရန် သို့မဟုတ် ပြဿနာများမပေါ်ပေါက်မီ ၎င်းတို့အားလုံးကို ဖယ်ရှားရန် ကြိုတင် လုပ်ဆောင်သင့်ပါတယ်။

15. Planning

Proactive ဖြစ်ရန် အဓိကအချက်မှာ အစီအစဉ်ရေးဆွဲရန်ဖြစ်တယ်။ မိမိရည်မှန်းချက်များ ပြည့်မီရန် လမ်းကြောင်းနှင့် မိမိလုပ်ဆောင်မည့်အရာများကို စီမံနေဖို့လိုအပ်ပါတယ်။ ပရောဂျက်တစ်ခု အဆင်မပြေဖြစ်တဲ့အခါမျိုး ကြုံလာချိန်မှာ အကြံအစည်တွေကို ပြန်လည်ချမှတ် လုပ်ဆောင်နိုင်ကြပါတယ်။ မိမိအဖွဲ့ရှိ အဖွဲ့ဝင်တစ်ဦးစီသည် ကုမ္ပဏီ၏ ရည်မှန်းချက်များကို မည်ကဲ့သို့ ပံ့ပိုးပေးမည့် ဆိုသည့်အစီအစဉ်ကို ရေးဆွဲရပါမယ်။

16. Problem solving

ခေါင်းဆောင်တစ်ဦးဟာ ခက်ခဲသော သို့မဟုတ် မှန်းဆ၍မရသော ပြဿနာများအတွက် အဖြေများကို ရှာဖွေနိုင်ရမည်ဖြစ်ပြီး အတားအဆီးများကို ကျော်ဖြတ်ရန် မိမိတို့အဖွဲ့၏ အားသာချက်များကို အသုံးချရမည်ဟုလည်း နားလည်ထားရမည်ဖြစ်သည်။

17. Responsibility

တာဝန်သိသောခေါင်းဆောင်များဟာ ခက်ခဲသောဆုံးဖြတ်ချက်များချရန်၊ ဦးဆောင်ရန်နှင့် သူတို့၏အဖွဲ့ကို ထိန်းချုပ်ရန် တာဝန်ရှိသည်ဟူသောအချက်များကို ပိုင်ဆိုင်ကြပါတယ်။ သူတို့သည် တာဝန် သို့မဟုတ် တာဝန်ခံမှုကို မရှက်မကြောက် ၊ ဆုံးဖြတ်ချက်ချရန် မကြောက်သောသူများလည်းဖြစ်ပါတယ်။

18. Goal-Oriented

ပန်းတိုင်ကို ဦးတည်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိကိုယ်တိုင်ရော မိမိအဖွဲ့အတွက်ရော လက်တွေ့ကျတဲ့ ပန်းတိုင်တွေကို ချမှတ်ပြီး အောင်မြင်ဖို့ တွန်းအားပေးရပါမယ်။ တသမတ်တည်း ပန်းတိုင်သတ်မှတ်ခြင်းသည် စိတ်ဓာတ်တက်ကြွမှုကို တည်ဆောက်ပြီး အရေးကြီးသော ရည်မှန်းချက်များ အောင်မြင်ရန်နှင့် သတ်မှတ်ရက်ပြည့်မီရန် အသင်းအဖွဲ့ကို တွန်းအားပေးနိုင်ပါတယ်။ ပန်းတိုင်ကို ဦးတည်တဲ့ အမြင်ကို ထိန်းသိမ်းထားဖို့၊ အလုပ်တိုင်းကို အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ချဉ်းကပ်ရပါမယ်။

19. Purpose

ရည်ရွယ်ချက်ဆိုတာ ပန်းတိုင်နဲ့ အတူတူပါပဲ။ ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ လူတိုင်းကို ရှေ့သို့ပို့ဆောင်ပေးမည့် မိမိအဖွဲ့အတွက် ပြတ်သားသော အနာဂတ်မျှော်မှန်းချက်ရှိရမည်။ မိမိရဲ့ပန်းတိုင်တွေအားလုံးက ဘယ်ကို ဦးတည်နေတာလဲ။ မိမိအား အောင်မြင်ရန် အဘယ်အရာက တွန်းအားပေးပြီး ထိုရည်ရွယ်ချက်သည် မိမိဝန်ထမ်းများအတွက် ရှင်းရှင်းလင်းလင်းရှိရပါမယ်။

20. Commitment

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် ကတိကဝတ်တွေလိုပါတယ်။ ကတိတည်သော ခေါင်းဆောင်သည် မိမိတို့၏ ကုမ္ပဏီ၊ အဖွဲ့နှင့် ရည်မှန်းချက်များအတွက် သူတို့၏ အချိန်နှင့် ခွန်အားကို ပေးအပ်ကြပါလိမ့်မယ်။ သူတို့ရဲ့ တက်ကြွတဲ့ သဘောထားကလည်း သူတို့ရဲ့ အသင်းအဖွဲ့ကို သူတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။

#Dr_Yin

#Business_Consultant