လုပ်ငန်းခွင်တွေမှာ အမြဲပြောနေကြစကားဖြစ်ပြီး၊ အမြဲပြဿနာ တတ်လေ့တတ်ထရှိတဲ့ ကိစ္စလည်းဖြစ်ပါတယ်။

လူတော်ကဘယ်လိုလဲ?

ကျွန်တော်သတ်မှတ်တဲ့ လူတော်ဆိုတာကတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းနယ်ပယ်မှာ Professional ကျကျ လုပ်နိုင်ကိုင်နိုင်သူတွေကိုဆိုလိုတာပါ။ Expert and Specialist တွေလည်းပါဝင်ပါတယ်။ သက်ဆိုင်ရာ စာတွေ့လက်တွေ နားလည်တတ်ကျွမ်းသူတွေကို အများအားဖြင့် ဆိုလိုကြပါတယ်။

လူကောင်းကဘယ်လိုလည်း။ တချို့က (လူယုံ) လို့ခေါ်ကြပါတယ်။

လူကောင်းဆိုတာကတော့ အခြေခံထားရှိရမည့် စိတ်နေသဘောထား ကောင်းမွန်သူလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ လူယုံ ဆိုတာကတော့ လုပ်ငန်းပိုင်ရှင်အတွက် အားထားရသူလို့ ဆိုလိုနိုင်ပါတယ်။ အမှန်တော့ လူယုံနှင့် လူကောင်းက မတူပါဘူး။

လုပ်ငန်းခွန်တွေမှာ ဘယ်သူတွေကိုထားရင် ပိုသင့်တော်မလဲ

ဒီနေရာမှာကျတော့ တရာသေပြောဖို့ကျ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နှစ်မျိုးစလုံးဟာ လုပ်ငန်းအတွက်လိုအပ်ပါတယ်။

လုပ်ငန်းသေးနေတဲ့ အနေအထားမျိုးမှာကျတော့ လူယုံ တွေလိုအပ်ပါတယ်၊ ဒါမှသာ အသေးစိတ် အချက်အလက်တွေကို သူဌေး အနေနဲ့ သိရှိမှာဖြစ်ပြီး၊ လုပ်ငန်းအတွက် စေခိုင်းချင်သမျှကို စုံစီနဖာ (စုပေါင်းစပ်ပေါင်း) ခိုင်းလို့ရနိုင်ပါတယ်။ လူယုံတွေဟာ လုပ်သက်ကြာလာတာနဲ့အမျှ နေ့ရာပေါင်းစုံမှာ သိတဲ့တတ်တဲ့ လုပ်ငန်းကျွမ်းကျင်သူတွေ ဖြစ်လာနိုင်ပါတယ်။ အဲ လုပ်ငန်းဟာ ကြီးမားလာပြီး ဗျူဟာတွေအရ လုပ်ရကိုင်ရပြီဆိုရင်တော့ တကယ့် Professional လူတော်တွေ လိုလာပါပြီ၊ သို့မှသာ လုပ်ငန်းကိုရေရှည်တိုးတက်အောင်မြင်ဖို့အတွက် အလားအလာပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

လုပ်ငန်းကို လူတော်တွေရောက်လာတဲ့အခါ လူယုံတွေက ဘာကြောင့် မကြိုက်ကြတာလည်း

(၁) မိမိရထားတဲ့နေရာနှင့်အထက်ကို နေရာရသွားမှာ မလိုလားတာ

(၂) လုပ်ပိုင်ခွင့် လျော့ကျသွားမှာကို မလိုလားတာ

(၃) သူဌေးက နေရာပိုပေးမှာကို မနှစ်သက်တာ

(၄) ရေရှည် ယှဉ်ပြိုင်ရာမှာ သူမနိုင်မှန်းသိနေတာ

(၅) အရေးပါအရာရောက်သူဟာ သူပဲဖြစ်နေချင်တာ

(၆) စနစ်တွေ၊ လုပ်ငန်းစဉ်တွေကို မကြိုက်တာ

လူယုံအများစုဟာ ဗဟိုစီမံမှု့အောက်မှာ လုပ်သက်ကြာအောင်လုပ်လာရတာဖြစ်တဲ့အတွက်၊ သူတို့ကိုယ်တိုင်လည်း ဒီ ကြိုးနီစနစ်ကို ကြိုက်နှစ်သက်သူတွေဖြစ်နိုင်ပါတယ်။ လူတော့်တွေကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အခြအနေအပေါ်မူတည်ပြီး(ပလန်)နှင့် လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် လူတော်နှင့်လူယုံကြား အဆင်မပြေမှု့တွေ များစွာဖြစ်တာ သဘာဝတရားလို့တောင်ပြောလို့ရနေပါပြီ။

လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်လုပ်ငန်း ရေရှည်တိုးတက်စေချင်ရင် လူတော်တွေကို နေရာပေးဖို့လိုအပ်သလို၊ လူယုံတွေကိုလည်း လေ့ကျင့်သွန်သင်ပေးဖို့လိုအပ်ပါတယ်၊ လုပ်ငန်းကို စနစ်နဲ့သွားနိုင်အောင် တဖြည့်ဖြည်းချင်း ကြိုးစားဖို့လိုပါတယ်။ လူပေါ်ကြည့်ပြီး အုပ်ချုပ်တာထက် မူအရ အလုပ်လုပ်ရင်ပိုမိုထိရောက်စေနိုင်ပါတယ်၊ လူမှန်နေရာမှန် အသုံးပြုတတ်ဖို့လိုပါတယ်။

လူယုံမှသည် လူတော်ဆီသို့

လူတော်မှသည် လူကောင်းဆီသို့

လူတော်လူယုံ/ လူလုံလူတော် ဖြစ်နေရင်တော့ပိုကောင်းပါတယ်။

#Professional_Confidante

#Work_Place

#Dr_Yin

#Business_Consultant