Business Development သည် အဖွဲ့အစည်းအတွင်းနှင့် စျေးကွက်များအကြား တိုးတက်မှုအခွင့်အလမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော်ဆောင်နိုင်စေရန်အတွက် လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် လုပ်ငန်းစဉ်နည်းစနစ်များအား ထိရောက်စွာအသုံးပြုခြင်းတို့ ဖြစ်တယ်။

ဒီအကြောင်းအရာဟာ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်းရုံးရေးဆိုင်ရာသီအိုရီများ၏ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။

Business Development ဟာ ဖောက်သည်များ၊ စျေးကွက်များနှင့်ကောင်းမွန်သော ဆက်ဆံရေးပြုလုပ်ရာမှ အဖွဲ့အစည်းတစ်ခုအတွက် ရေရှည်တန်ဖိုးဖြစ်ထွန်းစေရန်အတွက် ဖန်တီးပေးခြင်းကို ခေါ်ဆိုတာလည်းဖြစ်တယ်။

Business Development ကိုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သောအသေးစားဖြစ်စေ၊ ကြီးကြီးမားမားဖြစ်စေ၊ အကျိုးအမြတ်ယူသော သို့မဟုတ် အကျိုးအမြတ်မယူသော စီးပွားရေးလုပ်ငန်းတစ်ခုမှဖြစ်စေ မည်သည့်လုပ်ဆောင်မှုကိုမဆို ပါဝင်သည်ဟုဆိုလိုပါတယ်။

ထို့အပြင် Business Development ဆိုင်ရာလှုပ်ရှားမှုများအားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအတိုင်ပင်ခံတစ် ဦး မှဉီးဆောင်ပြုလုပ်နိုင်သည့်အပြင် ဂုဏ်သိက္ခာဖြင့်နာမည်ကောင်းတည်ဆောက်ခြင်းဟာ Business Development ကို များစွာအထောက်အကူပြုစေတာကို မမေ့ထားဖို့အရေးကြီးပါတယ်။

ဘာသာရပ်နှင့်သက်ဆိုင်သည့် အကန့်အသတ်ရှိသော ပညာရေးဆိုင်ရာအလုပ်များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သီးခြားစီရှိသောစီမံကိန်းများ၊ ကြီးထွားမှု့ဖွံဖြိုးမှု့ဆိုင်ရာ သတ်မှတ်ချက်သီးခြားပုံစံများ၊ အဖွဲ့အစည်းဆိုင်ရာစနစ်များ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ အလေ့အကျင့်များနှင့် ဆက်စပ်ပူးပေါင်းဆောက်ရွက်နေမှသာ ထိရောက်သော အခြေအနေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ထိုကွဲပြားခြားနားသောအမြင်များကို စွယ်စုံကျမ်းများ၏မဟာဗျူဟာစီမံခန့်ခွဲမှု့အတည်ပြုချက်တွင်ဥက္ကဌများ၊ စီမံခန့်ခွဲမှုဒါရိုက်တာများ၊ အကြီးတန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များထံမှ ထိုးထွင်းသိမြင်မှုများနှင့်ပေါင်းစပ်ကာ ရေးဆွဲဖော်ပြထားကြပါသည်။ (google တွင် အလွယ်တကူရှာဖတ်နိုင်)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလားအလာရှိသောတိုးတက်မှုအခွင့်အလမ်းများအား ခွဲခြမ်းစိတ်ဖြာခြင်း ပြင်ဆင်ခြင်း၊ ကြီးထွားနိုင်မှုအခွင့်အလမ်းများအား အကောင်အထည်ဖော်ဆောင်ရန်အတွက် ထောက်ပံ့ခြင်း၊စောင့်ကြည့်သုံးသပ်ခြင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းစဉ်နည်းစနစ်များဖြစ်သည်။

လက်တွေ့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟူသော အသုံးအနှုန်းနှင့်၎င်း၏ပုံစံများမှာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရန် ပြုလုပ်သူမှ မိမိ၏ လက်တွေ့အသုံးပြုမှုနှင့် အသုံးချမှုများအကြား အကျိုးအမြတ်ဆိုင်ရာ အခွင့်အလမ်းများစွာ ပြောင်းလဲသွားနိုင်သော သဘောပင်ဖြစ်တယ်။

ယနေ့စက်မှုလုပ်ငန်းများနှင့် နိုင်ငံကြီးများရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် စျေးကွက်ရှာဖွေရေးလုပ်ငန်းများ၏ လက်တွေ့အသုံးချမှုများတွင် အိုင်တီ – ပရိုဂရမ်မာများ၊ အင်ဂျင်နီယာများ၊ အဆင့်မြင့်စျေးကွက်ရှာဖွေရေး သို့မဟုတ် အဓိကစာရင်းကိုင်စီမံခန့်ခွဲမှုလုပ်ငန်းများသည် လက်ရှိတွင်အလားအလာရှိသော ဖောက်သည်များအတွက်အရောင်းနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု စသည့်တို့မှ အရာအားလုံးကို ဉီးဆောင်ဖုံးလွှမ်းထားသော အခြေအနေဖြစ်နေသည်။

ထိုအကြောင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း၏ ထူးခြားသောလက္ခဏာများနှင့် ၎င်း၏လုပ်ဆောင်မှုများသည် အမြတ်အစွန်းအရင်းအမြစ် ဟုတ်မဟုတ်ကို ပိုင်းခြားသိမြင်ရန်အလွန်ပင် ခက်ခဲလှပါသည်။

ဒီအကြောင်းအရာနှင့် ပတ်သက်၍ မကြာသေးမီက စနစ်တကျသုတေသနပြုထားသည့် ဆန်းသစ်တီထွင်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင် ထူးခြားသောအခန်းကဏ္ဍမှ ပါဝင်လာသည့် တက်သစ်စစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းပုံသဏ္ဟန်များကို စုပေါင်းကာဖော်ပြထားကြသည်။ (Google တွင်အလွယ် ရှာကြည့်နိုင်)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းသည် အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်အသုံးပြုကြပြီး အထူးသဖြင့်ဆေးဝါးနှင့် ဇီဝနည်းပညာတို့တွင် ပိုမို၍ ကျင့်သုံးကြကြောင်းတွေ့ရှိရပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သူသည် အကြီးတန်းစီမံခန့်ခွဲမှု သို့မဟုတ် ဒါရိုက်တာဘုတ်အဖွဲ့အတွက် အလားအလာရှိသော ကြီးထွားမှုဖွံ့ဖြိုးမှု အခွင့်အလမ်းများအား ခွဲခြမ်းစိတ်ဖြာပြင်ဆင်မှုအပြင် ၎င်း၏ အကောင်အထည်ဖော်မှုအား နောက်ဆက်တွဲပံ့ပိုးမှု ပေါင်းစပ်လုပ်ဆောင်မှုတို့ကို စောင့်ကြည့်အကဲဖြတ်နိုင်စေရန်အတွက် အသင့်လုပ်ဆောင်နိုင်ကြပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် အကောင်အထည်ဖော်မှုအဆင့် နှစ်ခုလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အဖွဲ့အစည်း၏အထူးပြုလုပ်ဆောင်ချက်များဖြစ်ပြီး အသိပညာနှင့်တုံ့ပြန်ချက်များကို ပူးပေါင်းခြင်းနှင့် ပေါင်းစပ်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေခြင်းနှင့် အရောင်းအ၀ယ်ဆိုင်ရာများသည်အ ဖွဲ့အစည်းကြီးထွားမှုကို အကောင်အထည်ဖော်နိုင်စွမ်းရှိပြီး ကြီးမားကြပါတယ်။

အောင်မြင်သောအခွင့်အလမ်းများကို ရေရှည်ဆုပ်ကိုင်နိုင်ချေ များပြားစေပါတယ်လို့ ပြောလို့ရပါတယ်၊

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တာဝန်များကိုကိုင်တွယ်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဖြေရှင်းရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပြုလုပ်သူများ၏လက်နက်များမှာ “ကျွန်တော်တို့ ဘယ်လိုငွေများများရှာရမလဲ” နှင့် စီးပွါးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန်နှင့် လမ်းပြမြေပုံအဖြစ် အဖြေထုတ်ပေးသော စီးပွားရေးစနစ်ပုံစံတွေပဲ ဖြစ်သည်။

အရောင်း

ဘဏ္ဏာရေး

စျေးကွက်ရှာဖွေရေး

ပူးပေါင်းခြင်းစည်းလုံးခြင်းနှင့်ရင်နှီးမြှုပ်နှံမှုများ

တရားဝင် အချက်အလက်အသုံးပြုမှု့

မဟာဗျူဟာစီမံခန့်ခွဲမှု

အဆိုပြုလွှာစီမံခန့်ခွဲမှုသို့မဟုတ်အမိအရစီမံခန့်ခွဲမှုစသည်

တို့ကို ဉီးစားပေးလုပ်ဆောင်ကြပါသည်။

Pipeline (Sales or Marketing) သည် ကုမ္ပဏီတစ်ခု စတင်ဖွံ့ဖြိုးတိုးတက်သော အလားအလာရှိသော ဖောက်သည်များစီးဆင်းမှုကို ရည်ညွှန်းပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၀န်ထမ်းများက ပိုက်လိုင်းရှိအလားအလာရှိသော ဖောက်သည်တစ်ဦးချင်းစီအား အောင်မြင်မှုရစေရန်အတွက် ကြိုတင်ပြီးအခွင့်အလမ်းများကို ခန့်မှန်းထားကြလေ့ရှိကြပါတယ်။

စီမံကိန်းရေးဆွဲသူများသည် ပိုက်လိုင်းရှိဖြစ်နိုင်ချေရှိသော ဖောက်သည်အားလုံး၏ ပျမ်းမျှအခြေအနေအပေါ်တွင် တွက်ချက်မှုကို အသုံးပြုနိုင်ချေများပါသည်။

စီးပွားရေးလုပ်ငန်းများသည် ပုံမှန်အားဖြင့် ဖောက်သည်များကြား ကောင်းမွန်သော ဆက်ဆံရေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ် (သို့) ဒေတာဘေ့စ်တစ်ခုခုဖြင့် ပိုက်လိုင်းများကို ဖောက်ပံ့ကူညီပံ့ပိုးပေးထားကြသည်။

တစ်ခါတစ်ရံ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်သူများဟာ အရောင်းစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်များနှင့် ကုန်ထုတ်လုပ်ရန်အချက်အလက်များကို အရေးပေါ်အခြေအနေတွင် ဝင်ရောက်စီမံခန့်ခွဲနိုင်သည်။

ထိုသတင်းအချက်အလက်စီမံခန့်ခွဲမှုတွင် –

အကျိုးအမြတ်/ ဆုံးရှုံးမှုများအတွက်အကြောင်းပြချက်

အရောင်းလုပ်ငန်းစဉ်နှင့်ပတ်သက်သော လုပ်ငန်းစဉ်

အခွင့်အလမ်းများ၏ တိုးတက်မှုအခြေအနေ

ထိပ်တန်းလုပ်ကိုင်ရည်ပြည့်ဝသော အရောင်းသမားများ/ အရောင်းလမ်းကြောင်းများဆောင်ရွက်မှု့

ထုတ်ကုန်များ၏ရောင်းအား အခြေအနေ တို့အား အများအားဖြင့်စီစစ်လေ့ရှိကြပါတယ်။

အထူးသဖြင့်နည်းပညာနှင့် သက်ဆိုင်သောစက်မှုလုပ်ငန်းများတွင် လုပ်ငန်းစဉ်ပိုမိုကြီးမားပြီး ကောင်းမွန်သော ကုမ္ပဏီများအတွက် “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု” ဟူသော ဝေါဟာရသည် အခြားတတိယပါတီကုမ္ပဏီများနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးနှင့် မဟာမိတ်ဖွဲ့ခြင်းအခြေအနေများကို စီမံခြင်းဟု ရည်ညွှန်းလို့ရပါတယ်။

ထိုဖြစ်ရပ်များတွင် ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းအသစ်များနှင့် ထုတ်ကုန်အသစ်များကို စျေးကွက်သို့ဖော်ထုတ်ခြင်း၊ သုတေသနပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စျေးကွက်သို့တင်ပို့ခြင်းများအတွက် သူတို့၏စွမ်းရည်ကို ချဲ့ထွင်ရန်တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုကို ကောင်းမွန်စွာအသုံးချတတ်ရန် လိုအပ်ပါတယ်။

စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုသည် ရှယ်ယာဘဏ္ဏာရေး၊ နည်းပညာများ၊ ထုတ်ကုန်များနှင့်ကုမ္ပဏီများအား ၀ယ်ယူခြင်း/ ဖြုတ်ခြင်း (ပိတ်သိမ်းခြင်း) စသည်တို့ဖြင့် မဟာဗျူဟာမြောက် စီးပွါးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်နှင့် သင့်တော်သည့်အချိန်တွင် မဟာဗျူဟာမြောက်မိတ်ဖက်များ ထူထောင်ခြင်းကို အဓိကထား လုပ်ဆောင်ကြပါတယ်။

စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် လုပ်ဆောင်ခြင်းကို စျေးကွက်ရှာဖွေရေး နည်းဗျူဟာတစ်ခုအဖြစ် မှတ်ယူလို့ရပါတယ်၊

ရည်ရွယ်ချက်များမှာ ကုန်အမှတ်တံဆိပ်အားအောင်မြင်အောင်ပြုလုပ်ခြင်း၊ စျေးကွက်များချဲ့ထွင်ခြင်းတို့ဖြစ်သည်၊သို့သော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကလုပ်ဆောင်ချက်မှာ မှန်ကန်သောဖောက်သည်များအား ရောင်းချရာတွ င်မိတ်ဖက်များအနေဖြင့် အသုံးချရန်သာဖြစ်ပါတယ်၊သို့မှသာ ရေရှည်တွင် တန်ဖိုးဆက်လက်တည်မြဲစေရန် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းသည် အလွန်အရေးကြီးသော အကြောင်းအရာများအား ဖြစ်ပေါ်လာစေမှာဖြစ်တယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်ရန်အတွက် မိတ်ဖက်နှင့်ခိုင်မာသောဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်သည်။