အမှတ်တံဆိပ်ကိုနေရာချထားတယ်ပြောပြော၊ ဈေးကွက်မှာ နေရာရယူတယ်ပြောပြော၊ ဘယ်နည်းလမ်းတွေနဲ့ အလုပ်လုပ်ဆောင်ကြသလေ့ရှိသလဲ။

အွန်လိုင်းမှာလေ့လာရင် ၄,၅,၆ မျိုးစုံတွေ့ရမှာဖြစ်သလို တချို့က ပေါင်းစပ် အသုံးပြုထားတဲ့ နိယာမတွေဖြစ်တယ်။ အခြေခံနည်းလမ်းက (၅)နည်းဖြစ်သော်လည်း၊ အခုခေတ်စားတာကတော့ (၁၁) နည်းပေါ့ဗျာ။ ဘယ်ကနေ ကြည့်လို့ရသလဲဆိုရင် Brand Master Academy မှာ အခမဲ့ဝင်ကြည့်လို့ရပါတယ်။ ဘာမှမဟုတ်ပဲ ငွေကုန်ခံပြီး ဂျင်းထည့်တာတွေမခံပါနဲ့။

(1) Against Brand Positioning

သတ်မှတ်ထားသော ပြိုင်ဘက်တွေကို လက်ညှိုးထိုးပြပြီးကြည့်နေတာထက်၊ ပိုကောင်းတာကတော့ စျေးကွက်ခေါင်းဆောင်မှု လုပ်နိုင်မဲ့နေရာဒေသကိုရွေးပြီး အလုပ်လုပ်တာပိုကောင်းပါလိမ့်မယ်။ အမှတ်တံဆိပ်တစ်ခုအနေနဲ့ သူ့အတွက် ပြိုင်ဖက် နည်းပါးနေသည့် နေရာရွေးချယ်ပြီး ပရိတ်သတ်ကို အကောင်းဆုံးပေးဖို့ လုပ်ဆောင်နိုင်တယ်။ Competitive Pressure သိပ်မရှိတဲ့နေရာကနေစကွာ။

(2) Hyper Specialized Brand Positioning

အမှတ်တံဆိပ်များစွာဟာ သူတို့ရဲ့လုပ်ငန်းနယ်ပယ်အတွင်းမှာရှိတဲ့ ပရိသတ်အတွက် ပြဿနာများစွာကို ဖြေရှင်းပေးဖို့ကြိုးစားရမှာကွာ။ မကြာခဏဆိုသလိုတွေ့နေရတာကတော့ ဒီအမှတ်တံဆိပ်တွေဟာ ရည်ရွယ်ရင်း အခြားပြဿနာများထက် အချို့သောပြဿနာများကို ဖြေရှင်းရာတွင်သာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ကြတာကို သေချာကြည့်ရင်မြင်နိုင်ပါလိမ့်မယ်။

အဲ့တော့ ကိုယ့်အမှတ်တံဆပ်အနေနဲ့ တကယ်ကိုအထူးပြု ကျွမ်းကျင်ပြီး ဝန်ဆောင်မှု့ပေးနိုင်တဲ့ အပိုင်းကို အဓိကဇောင်းပေးပြီး လုပ်ဆောင်ရင်း နေရာရယူဖို့လုပ်ကွာ။

(3) Leader-Based Brand Positioning

ဒီဟာကျတော့ ကိုယ့်အမှတ်တံဆိပ်ရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာတည်ဆောက်တာ၊ ရိုးလပ်(စ်)၊ အိုင်ဖုန်း၊ မာဆေးဒီး တို့ကိုကြည့် ဘာလုပ်လုပ် ဈေးကွက်ကိုသူတို့ကဦးဆောင်ပြီး လုပ်သွားတယ်၊ ဒီလောက်ဆိုနားလည်မယ်ထင်တယ်။

(4) Price Based Brand Positioning

ဒါကတော့ရှင်းတယ် ဈေးနိမ့်ရင် ဈေးကွက်ကျယ်မယ်၊ ဈေးမြင့်ရင်ကျဉ်းမယ်ကွာ။ အဲ့တော့ဈေးနိမ့်တိုင်းနေရာရတာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူး၊ ဈေးလျော့ရောင်းရင်း နေရာယူဖို့ဆိုတာ သိပ်ကိုရှည်ကြာတဲ့ စက်ဝန်းလိုဖြစ်နေမယ်၊ အဲ့တော့ဈေးအရ ယှဉ်မယ်ဆိုရင်တောင် ဈေးနှုန်းသတ်မှတ်ခြင်းဗျူဟာကိုသေချာနားလည်အောင်အရင်လုပ်ကွာ၊ အခြေခံ ၂၆ မျိုး၇ှိတယ်၊ သက်ရောက်မှု့ (၉) မျိုးရှိတယ်။ ဒီနည်းလမ်းဟာ ရှေးအကျဆုံး နေရာရယူခြင်း တစ်မျိုးဖြစ်တယ်ဆိုတာလည်းသိဖို့လိုတယ်။

(5) Quality Based Brand Positioning

ထုတ်ကုန်၊ဝန်ဆောင်မှု့၊အတွေ့အကြုံ စတာတွေအပေါ်မှာ အရည်အသွေးကိုတည်ပြီး တည်ဖောက်တဲ့သဘောပဲ။ ဘာနဲ့ချိတ်ဆက်ရမလည်းဆိုရင် ဈေးနှုန်းမဟာဗျူဟာနဲ့ ချိတ်ဆက်ဖို့လိုတယ်။ မချိတ်ဆက်ထားရင် အမြတ်အစွန်းအတွက် ချိန်ခွင်လျှာညှိဖို့ခက်တယ်၊

အမှတ်တံဆိပ်ရဲ့ ဂုဏ်သတင်းအတွက် အရည်အသွေးပေါ်မှာ တည်ထားတာ။

(6) Value Based Brand Positioning

ဒါကျတော့ ဈေးနှုန်းနဲ့အရည်အသွေးထက် (စံ)အရ တန်ဖိုးကိုအခြေခံပြီးတည်ဆောက်တာ၊ ဝယ်ယူရတဲ့သူပေးလိုက်ရတဲ့ငွေဟာ ထိုအမှတ်တံဆိပ်တန်ဖိုးနဲ့တိုက်ရိုက် သက်ဆိုင်မှု့ရှိတယ်ဆိုတာသိဖို့လိုတယ်။

လူတွေဟာ သူတို့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တန်ဖိုးရင်းမြစ်တွေကို သဘာဝကျကျ မျှဝေလိုတဲ့ဆန္ဒရှိတာကြောင့် ဒီနည်းလမ်းဟာ ပါးစပ်တစ်ပေါက်ကနေ ကုန်အမှတ်တံဆိပ်ကို အသိပညာပေးရာမှာ အလွန်ထိရောက်တဲ့နည်းလမ်းလည်းဖြစ်တယ်။

(7) Benefit Based Brand Positioning

အကျိုးကျေးဇူးကိုအခြေခံပြီး အမှတ်တံဆိပ်နေရာချထားခြင်းဆိုတာအသစ်အဆန်းတော့မဟုတ်ပါဘူး ။ တကယ်တော့ ဒီအမှတ်တံဆိပ်ကို နေရာချထားခြင်းနည်းလမ်းတွေကို အမှတ်တံဆိပ်များစွာက မျိုးဆက်ပေါင်းများစွာ အသုံးပြုလာကြတာပါ။

Benefit based positioning ဟာအမှတ်တံဆိပ်ရဲ့ ထူးခြားတဲ့ ဖြေရှင်းချက်အတွက် တိကျသေချာသောအကျိုးအမြတ်ကိုအာရုံစိုက်စေတာပါ။ ဒီနည်းလမ်းဟာ ထုတ်ကုန်နေရာချထားခြင်းအတွက် အကျိုးကျေးဇူးများစွာရှိသော်လည်း လုပ်ရကိုင်ရ ကျဉ်းကျပ်တဲ့ အခြေအနေတွေရှိတယ်ဆိုတာသိထားဖို့လိုပါတယ်။

(8) Disruptive Brand Positioning

လုပ်ငန်းတိုင်းမှာ သူတို့ရဲ့ “စျေးကွက်စံနှုန်းများ” ဒါမှမဟုတ် “လုပ်ငန်းစံနှုန်းများ” ရှိကြတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ အမှတ်တံဆိပ်တစ်ခုကနေပြီးဒီအရာတွေကို လှုပ်ခတ်လာအောင်လုပ်လို့ရတယ်။ လုပ်စရာအဆင့်တွေကတော့ မတူညီနိုင်ဘူး။

ဖြတ်မျဉ်းတွေပေါ့ဗျာ၊ အတော်လေးကို ဉာဏ်ပြေးတဲ့သူတွေက စီမံကိန်းဆွဲပြီးကိုလုပ်ဆောင်တာပါ။ အသေးစိတ်အရတော့ အခြားဆိုလိုရင်းတွေရှိသေးတယ်၊ ခုတော့ဒီလောက်ပဲဗျာ။

(9) Convenience Based Brand Positioning

ယနေ့ခေတ်မှာ လူတွေက ရိုးရှင်းမှုအတွက် လိုအပ်ချက်နှင့် မျှော်မှန်းချက်သည် ဘယ်သောအခါမှမြင့်တယ်လို့မရှိဘူး။

မလိုအပ်ဘဲ အလွန်အကျွံ စွမ်းအင်ထုတ်ခြင်း သို့မဟုတ် မလိုအပ်ဘဲ ပြင်းပြင်းထန်ထန် တွေးတောခြင်း၊ရွေးချယ်ခြင်းကိုလည်းမကြိုက်ကြဘူး။

တတ်နိုင်သမျှ လွယ်ကူစေရန်နှင့် လူတွေရဲ့ အာရုံစိုက်မှုကို ရရှိစေမည့်အမှတ်တံဆိပ်တစ်ခုကို ပေးဆောင်နိုင်ဖို့ပဲလိုတယ်။

အဲ့တော့ အလွယ်တကူရနိုင်တဲ့နေရာတွေမှာ ကိုယ့်အမှတ်တံဆိပ်၇ှိအောင်လုပ်ကွာ။

(10) Problem/ Solution Brand Positioning

အမှတ်တံဆိပ်များစွာဟာ သူတို့ရဲ့ ဖောက်သည်များအတွက် ပြဿနာဖြေရှင်းသူအဖြစ် စျေးကွက်တွင် နေရာယူထားကြလေ့ရှိတယ်။

သူတို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်တဝိုက်မှာ ချက်ချင်းလက်ငင်း ထိထိရောက်ရောက် တတ်နိုင်သမျှ ပြဿနာများစွာကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းခြင်း

ဖြင့်နေရာယူခြင်းကိုပြောတာပါ။

ဘဏ်တွေ၊ပွဲစားတွေ၊အာမခံတွေ သူတို့ကို နမူနာအနေနဲ့ကြည့်ရင်သိနိုင်တယ်။

(11) Celebrity-Driven Brand Positioning

ကျော်ကြားတဲ့သူတွေကိုအသုံးပြုပြီး လူတွေကိုအရင်လွှမ်းမိုးတာ၊ ပြီးမှနေရာယူတာ။ ကိုယ်အသုံးပြုတဲ့သူလွဲရင်ကိုယ်လည်းခံရလိမ့်မယ်။ မိမိထုတ်ကုန်၊အမှတ်တံဆိပ်ကို ဝယ်ယူမည့်လူတွေရဲ့ စရိုက်နဲ့ ကိုက်ညီမည့် ကိုယ်ရည်ကိုယ်သွေးရှိသူကိုရွေးမှ လွှမ်းမိုးမှု့လုပ်လို့ရမယ်။

ဒီနေရာမှာ သူများနဲ့မတူတဲ့ စတိုင်တွေတော့ သေချာအသုံးပြုဖို့လိုပါလိမ့်မယ်။

ဆိုတော့ကား………. အမှတ်တံဆိပ်ကိုနေရာချထားတယ်ပြောပြော၊ နေရာရယူတယ်ပြောပြော အမှတ်တံဆိပ်တွေအနေနဲ့ ကိုယ့်ရဲ့အားသာချက်ကိုသေချာသိမှ လုပ်ဆောင်မှု့တွေ မှန်ကန်မှာဖြစ်ပါတယ်။ကိုယ့်ပြိုင်ဘက်တွေကိုလည်းသေချာ ခွဲခြမ်းစိတ်ဖြာသိထားမှ ဘယ်ဈေးကွက်နေရာ ဘယ်လူတန်းစားကနေစပြီး ချဉ်းကပ်ရမည်ဆိုတာကို သေချာသိလာမှာဖြစ်ပါတယ်။ ဒီလိုသိပြီးရင်တော့ ကိုယ်ဆော့မည့်ကွင်းကို ဘယ်လိုအရာတွေထည့်ကစားပြီး လုပ်ဆောင်ရမယ်ဆိုတာ သေချာနားလည်ထားဖို့လိုပါတယ်။

အဲ့လိုမှမဟုတ်ပဲ………………

အမှတ်တံဆိပ်ကြည့်တော့လည်း သူများနဲ့သိပ်မကွာ၊ အရည်အသွေးကျတော့ ထူးမခြားနား၊ ဈေးနှုန်းကျတော့လည်း နင်လားငါလား (အတူတူနဲ့အနူနူ)၊ ဝန်ဆောင်မှု့ကျတော့လည်း ဘာမှထူးတာရှိမနေဘူး။ စနစ်တကျဖော်ဆောင်မှု ကျတော့လည်း မလုပ်တတ်ဘူး…..

FAB (Feature, Advantage, Benefit) ဒီသုံးခုမှာ ဘာတစ်ခုမှ ထူးခြားကွဲပြားမနေပဲနဲ့တော့ ဈေးကွက်မှာ မိမိရဲ့ အမှတ်တံဆိပ် နေရာရဖို့ဆိုတာ မလွယ်ကူပါဘူး။

ပြောရရင်အများကြီးပါ၊ ဘယ်လိုဖြစ်ဖြစ် အထက်ကအချက်တွေမှာ တစ်ခုခုနဲ့ညိနေရင် အမြန်ပြင်ဖို့လိုပါတယ်။ ဘာမှသေချာမသိရင် သေချာတဲ့ဆုံးဖြတ်ချက်ချဖို့မဖြစ်နိုင်ပါဘူး။ Losing, Winning, Dumb, Risky စတဲ့ဘယ် Zone မှာရောက်ပြီး ဘာဆက်လုပ်ရမလည်း သိဖို့လိုတယ်။

အေး Facebook ကနေ Boost ထိုးလို့ရောင်းနေရတာကို ကိုယ့်တံဆိပ် ဈေးကွက်ပေါက်ပြီ ထင်နေရင်တော့ အပီအပြင် ကွဲပါလိမ့်မယ်။

ဒီနိုင်ငံနဲ့ဆိုဘယ်ဟာကိုက်ညီမလည်းလို့မမေးနဲ့…. ကိုယ်လုပ်နိုင်တဲ့စွမ်းအား အပေါ်မှာမူတည်ပြီး လုပ်ဆောင်ရသလို၊ အခြား ထည့်တွက်ရမည့်အရာတွေများစွာရှိတာကြောင့် မေးချင်တာရှိရင် အခမဲ့ လာမေးနိုင်ပါတယ်ဗျာ။